အမြင့်ကို နည်းနည်းပိုတက်နိုင်ရင် မင်းဟာ မြင်ကွင်းကို ပိုကျယ်ကျယ် မြင်ရနိုင်မှာ ဖြစ်ပါတယ်။ လောကမှာ အမြင့်ကို တက်ဖို့ 
လူတော်တော်များများ ကြောက်တတ်ကြတယ်။ အမြင့်ကို တက်ရဲတဲ့ သတ္တိရှိတဲ့သူတွေဟာ နည်းနည်းပဲရှိတယ်။ ဒါကြောင့်လည်း
လောကကို ကြည့်တဲ့နေရာမှာ အမြင်ကျယ်တဲ့သူတွေက သိပ်နည်းပြီး၊ အမြင်ကျဉ်းတဲ့ သူတွေက များနေတာပေါ့။
အမြင်ကျဉ်းတဲ့သူတွေဟာ အမြင့်ကို ကြောက်တတ်တဲ့သူတွေသာ ဖြစ်ပါတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ အမြင့်ကို မတက်ချင်ကြဘဲ
သူများတင်ပေးလို့  ရောက်တဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ သို့ သော် တင်ပေးနိုင်မယ့်သူ ရှိတုန်းပဲ သူရပ်တည်နိုင်မှာပေါ့။ ရေ
ရှည်မှာတော့ မဖြစ်နိုင်ပါဘူး။ အခက်မသင့်ရင် ပြုတ်တောင်ကျနိုင်ပါတယ်။ ဒါက ထားလိုက်ဦး။
မင်းတို့  အမြင့်ပျံတဲ့ ငှက်တွေကို တွေးဖူးမှာပေါ့။ ငှက်တွေမှာ အမြင့်ကို ပျံသန်းနိုင်ဖို့  အရှိန်အနည်းငယ်ယူပြီး ပြန်ရတဲ့ ငှက်တွေနဲ့ 
အရှိန်တော်တော်ယူပြီးမှ ပြန်နိုင်တဲ့ ငှက်တွေဆိုပြီး ရှိကြတယ်။ တို့ ငယ်ငယ်က ပုံပြင်ထဲမှာ ကြားဖူးတဲ့ ငှက်ကြီးဝင်ဗိုလ်အမျိုးအစား
ထဲမှာ ပါတဲ့ ငှက်ကျားကြီးတွေဟာ မြေပြင်ကနေ ၃ ကြိမ်ခုန်သွားပြီးမှ အထက်ကို ပျံတက်လို့ ရတယ်။
ဒါတွေကို သာဓကယူပြီး လူတွေအပေါ်ကို မင်း ကြည့်လို့ ရပါတယ်။ အထက်အမြင့်ကို တက်ဖို့  လူတိုင်းကတော့ စွမ်းအားကိုယ်စီ
သုံးရတယ်လေ။ ဘ၀အခြေအနေပေါ်မှာ မူတည်ပြီး ရုံးကန်မှု အနည်း၊ အများ ကွာခြားသွားတာပေါ့။ ပင်ကိုယ်ပြီးပြည့်စုံတဲ့ မိသားစု
က ပေါက်ဖွားလာတဲ့သူတွေကတော့ အောက်ကတွန်းတင်ပေးမယ့်သူ၊ အထက်က ဆွဲတင်ပေးမယ့်သူတွေနဲ့ ဆိုတော့ စွမ်းအားသိပ်
မသုံးရဘူးပေါ့။
ဘ၀ပေးအခြေနေ မကောင်းလို့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူတွေများကြတော့ ဘာနဲ့ တူလည်း ဆိုတော့ ဟို ငှက်
ကျားကြီးတွေလိုပဲ။ တစ်ကြိမ်ပြီး၊ တစ်ကြိမ်ခုန် တနည်း တဆင့်ပြီး၊ တဆင့်နဲ့  အမြင့်ကို တက်ရတာပေါ့။ ရည်ရွယ်ထားတာလေးတွေ
ကို အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ ဖြစ်ပါတယ်။
ငှက်တွေတိုင်း အမြင့်ကို ပျံနိုင်တဲ့ စွမ်းရည်တွေရှိကြသလို၊ တို့ လူတွေတိုင်းဟာလည်း အမြင့်ကိုတက်ဖို့  စွမ်းရည်တွေ ရှိတယ်ဆိုတာ
ယုံကြည်လိုက်စမ်းပါ။ အခွင့်အရေးက လူတွေ အပေါ်မှာ သစ္စာရှိတာ မင်း ယုံလိုက်ပါ။ ဒီလူချမ်းသာလို့  သူကို မျက်နှာလုပ်ပြီး များများ
ပေးလိုက်မယ်၊ ဒီလူက ဆင်းရဲလို့  ဂရုမစိုက်စရာ မလို သူ့ ကိုတော့ နည်းနည်းလေးပဲ ပေးမယ်ဆိုတာ မရှိတာ သေချာပါတယ်။
မင်းတို့ က အလကားရနေတဲ့ ဆန္ဒလေးတောင် ဖြစ်ချင်တဲ့ အတွေး မရှိကြလို့ ပါ။ ကိုယ့်စိတ်နဲ့ ကိုယ် ဖြစ်ချင်တာ ဖြစ်ခွင့်ရှိနေတာဘဲ၊
ဆန္ဒလေးတော့ အရင်းထည့်ပေါ့။ လုပ်အားလေးတော့ အပိုဆောင်းပေးလိုက်ပေါ့။ အမြတ်ဆိုတာ ရလာမှာ မလွဲပါဘူး။ မင်းမှာ အမြင့်
ကို တက်ချင်တဲ့ ဆန္ဒသာ ရှိဖို့ လိုပါတယ်။ အမြင့်တက်လို့  ထိပ်ဖျားရောက်ပြီဆိုရင် အရာအားလုံးကို မင်းဟာ မြင်ကွင်းကျယ်ကျယ်နဲ့ 
အပေါ်စီးကနေ မိုးကြည့်နိုင်ပြီပေါ့။ မင်းရဲ့ လူငယ်တစ်ယောက်ရဲ့ စွမ်းအားနဲ့  အမြင့်ပျံနိုင်မယ့် အတောင်ပံတစ်စုံကို ဖြန့် လိုက်ပါတော့။
True Man
Category:
ဖတ်သင့်ဖတ်ထိုက်သောစာပေများ
POST COMMENT
0 comments:
Post a Comment