By Admin Khun
on
Sunday, February 22, 2015
with
0 comments
လောကကို ချစ်ခြင်းကင်းတဲ့ မျက်စိနဲ့ ကြည့်မိတဲ့အခါ စိတ်ပင်ပန်းတာတွေ ကြုံတွေ့ ရတတ်တယ်။ ချစ်သောမျက်စိနဲ့ 
ကြည့်လိုက်တဲ့အခါ အရာတိုင်းဟာ လှနေမှာ ဖြစ်ပါတယ်။ အကျိုးသင့်၊ အကြောင်းသင့်ကို တွက်ဆပြီး ကြည့်သလို
မျိုးပေါ့။
မိမိအလုပ်အပေါ် ထင်ယောင်ထင်မှားဖြစ်တတ်တာ မကောင်းသလို၊ အခြားသူတစ်ဦးတစ်ယောက်ကိုလည်း ထင်
ယောင်ထင်မှား ဖြစ်တတ်ခြင်းဟာ မကောင်းပါဘူး။ သံသယများရင် လုပ်သမျှလည်း မအောင်မြင်နိုင်ပါဘူး။
ထင်ကြေးဟာ သိပ်အန္တရာယ်ကြီးပါတယ်။ အထင်ကို အမြင်နဲ့  ပေါင်းစပ်နိုင်မှ လုံလောက်တဲ့ အတွေးတစ်ခု ဖြစ်လာ
မှာပေါ့။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်လည်း အရာတိုင်းကို ယုံကြည်မှုထားလိုက်တာ အကောင်းဆုံးပါပဲ။ ရိုးသားတဲ့အမြင်
ဖြင့်သာ လောကအလှကိုကြည့်နိုင်ပါလိမ့်မယ်။
True Man
Category:
ဖတ်သင့်ဖတ်ထိုက်သောစာပေများ
POST COMMENT
0 comments:
Post a Comment